ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ Quarantine Centre (၁)နှင့် (၂)သို့ C(12)လမ်း စုပေါင်း အလှူရှင်များမှ ညနေစာ ထမင်းဘူးများ လာရောက်လှူဒါန်း

ဒဂုံမြို့သစ်(ဆိပ်ကမ်း) အောက်တိုဘာ ၁၃

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင်းရှိ Quarantine Centre (၁)နှင့် (၂)သို့ ညနေစာထမင်းဘူး (၁၅၀)ဘူးကို ယုဇနဥယျာဉ်မြို့တော်၊ C-12 ရှိ အလှူရှင်များမှ စုပေါင်းလှူဒါန်းခဲ့ကြပြီး တန်ဘိုးငွေမှာ ၂၅၀၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တွင်းတွင် လက်ရှိ Quarantine Centre (၃)ခုရှိပြီး နောက်ထပ် Quarantine Centre(၁)ခုကို ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်းရှိ Quarantine Centre များသို့  အလှူရှင်များ လှူဒါန်းလိုပါက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် Quarantine Centre များရှိ အုပ်ချုပ်ရေးအဖွဲ့ သို့ ဆက်သွယ်သွားရောက်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

လဲ့လဲ့(ပြန်/ဆက်)