(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ပြုလုပ်

အင်တော ဇူလိုင် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့နံနက် ၉:၃၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့ဦးစီးမှူးဒေါ်လှလှထွေးက အာဇာနည်ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအပေါ်ထားရှိသည့် မျိုးချစ်စိတ်ဓာတ်၊ ခံယူချက်၊ စွန့်လွှတ်အနစ်နာခံလိုစိတ်များအကြောင်းနှင့် အာဇာနည်ခေါင်ဆောင်ကြီးများအကြောင်းကို  ယနေ့ခေတ်လူငယ်များ အတုယူအားကျမှုရှိစေရန်နှင့် နိုင်ငံတော်အတွက် အားထားရသော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဟောပြောရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဉာဏ်စမ်းပြိုင်ပွဲကိုပြုလုပ်ရာ မြို့ပေါ်အခြေခံပညာ(၃)ကျောင်းမှ ကျောင်းသား ကျောင်းသူ(၃၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသားကျောင်းသူများကို ဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များ၊ အာဇာနည်(၉)ဦး တို့၏အတ္ထုပ္ပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်း၏အဆိုအမိန့်များနှင့်ဓာတ်ပုံပြပွဲများကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အင်တော(ပြန်/ဆက်)