မြောက်ဥက္ကလာပ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး ရုပ်ပုံများပြသ

မြောက်ဥက္ကလာပ   အောက်တိုဘာ  ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရန် အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းများအား ပြည်သူများသိရှိစေရန် ရည်ရွယ်၍   ယနေ့ နံနက်က မြောက်ဥက္ကလာပမြို့ နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ရုပ်ပုံများကို ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် မီဒီယာနှင့် သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘ/အုပ် ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ ကလေးများနှင့် သတင်းအတူကြည့်ပါ စသည့် အကြောင်းအရာတို့ ပါဝင်သော ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားမှုနှင့်ပတ်သတ်သည့် အသိပညာပေး ရုပ်ပုံ(၁၈)ပုံ မှတ်တမ်းများကို  ပြည်သူများ လေ့လာသိရှိဆောင်ရွက်နိုင်ရန် ပြသထားကြောင်း သိရသည်။ 
မြမြဝင်း (ပြန်/ဆက်)