ဥတ္တရသီရိ ဇူလိုင် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်စာအုပ်၊ စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆွေဆွေဝင်းက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းစိန်(ရဿဝတီမေနန်း)၊ စာရေးဆရာရဲမွန်ကျော်၊ စာရေးဆရာမချယ်ချယ်(YU)တို့က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအကျဉ်းနှင့်ဆောင်ရွက်မှုများကို ရှင်းလင်းဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသည့် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည်ရှုခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)