ရန်ကုန် အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ Super Sunday လူမှုကူညီရေးအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အလှူရှင်များက အောက်ဆီဂျင်အိုး(၁၂)လုံးနှင့် ငွေကျပ်သိန်း(၂၀) ကျော်ကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်(GTI) ကန့်သတ်စောင့်ကြည့်စင်တာတွင် လာရောက် လှူဒါန်းခဲ့ကြောင်း သိရဿည်။
Super Sunday လူမှုကူညီရေးအသင်းအနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ Quarantine Center (၅)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရဿည်။
လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ရွာမအရှေ့ ရပ်ကွက် ဦးကြိုင်ဝှက်+ ဒေါ်နီနီလွင် (မိသားစု)မှ အောက်ဆီဂျင်အိုး(၁၂)လုံး၊ ပါမောက္ခ ဦးကျော်ညွှန့်+ဒေါက်တာ ညိုသန်းမူ (သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး)မှ ငွေကျပ်(၁၀) သိန်း၊ မြို့သစ်(ဂ)ရပ်ကွက် ဒေါ်လှမေမှ ငွေကျပ်(၅)သိန်း၊ ဦးမြင့်ခိုင်နှင့် အ.ထ.က(၄) (အင်းစိန်ကျောင်းသား ကျောင်းသူ ဟောင်များ) မှ ငွေကျပ်(၂)သိန်းခွဲ၊ Bright Hand Co.Ltd မှ ငွေကျပ်(၂)သိန်း၊ ဖော့ကန်ရပ်ကွက် ကိုအောင်ဇော်မိုး+မမွန်ရည်သက်(မြင့်မိုရ်ဦးဆေးဆိုင်)မှ ငွေကျပ်(၁)သိန်းခွဲ၊ တညင်းကုန်းရပ်ကွက် ကိုသံလွင်မောင်(မိသားစု)မှ ငွေကျပ်(၅)သောင်းတို့ကို အလှူရှင်များက လာရောက်လှူဒါန်းရာ Super Sunday လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုသူရိန်ထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)