မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ဈေးများတွင် စည်းကမ်းတကျ ရောင်းချနိုင်ရေးလိုက်လံကြပ်မတ်

မြောက်ဥက္ကလာပ အောက်တိုဘာ ၁၃

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ စည်းကမ်းတကျ ဈေးရောင်းချနိုင်ရေးအတွက် ယမန့်နေ့ နံနက်ပိုင်းက ဈေးရောင်းချ၊ ဝယ်ယူမှုများသည့် ဈေးများတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုးနှင့် အဖွဲ့ဝင်များ၊ စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သော အဖွဲ့များမှ လိုက်လံကြပ်မတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ထို့သို့စစ်ဆေးရာတွင် လူစုလူဝေးဖြင့်  တစ်နေကုန်ဈေးရောင်းချနေမှုများ ဖြစ်ပေါ်နေသည့် ပျံကျဈေးများ (မေဓာဝီဈေးလမ်း၊ ၂-ရပ်ကွက် ဇီဇဝါလမ်း၊ ဌ- ရပ်ကွက်  ခေမာကျောင်းလမ်း ခေမာ(၁)လမ်းနှင့် သဇင်လမ်းအနီးဝန်းကျင်များ)အား အချိန်လျှော့ချ ဈေးရောင်းချစေရေးနှင့် လိုက်နာနိုင်ရန် အသိပေးခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

​မြမြဝင်း(ပြန်/ဆက်)