ထန်းတပင်(ရန်ကုန်) ဇူလိုင် ၁၈
ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဟောပြောပွဲတွင် အ.ထ.က (ထန်းတပင်) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအေးမောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို ဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကြည့်ရှုလေ့လာကြသည်။
ဇင်မင်းထိုက်(ထန်းတပင်)