မန်တုံမြို့နယ်၊ ဌာနဆိုင်ရာများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေး

မန်တုံ  ဇူလိုင် ၁၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်း အချိန်က ဌာနဆိုင်ရာများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာအုပ်၊ စာပေ ဝါဒသနာပါသူ ဒေသခံပြည်သူများအား အားလပ်ချိန်တွင် မိမိ ကြိုက်နှစ်သက်သည့် စာအုပ်၊ စာပေကောင်းများ ဖတ်ရှုလေ့လာရှာမှီးနိုင်စေရေးအတွက် ကွင်းဆင်း၍ ယခင် ငှားရမ်းထားသော စာအုပ်များအားပြန်လည် သိမ်းဆည်းပြီးသုတ၊ ရသစာအုပ်များအား အသစ်ပြန် လည်လဲလှယ်၍ အခမဲ့ငှားရမ်းပေးခဲ့သည်။ ထိုသို့ ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို  ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်၊ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားလပ်သူများ၊ အချိန်မရှိ၍ စာအုပ်စာပေများလာရောက် မငှားရမ်းနိုင်သူများအတွက်ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်း ဖြစ်ပါသည်။

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို မန်တုံမြို့နယ်ပြန်/ဆက် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်း၊ ရပ်ကွက်များသို့ အလှည့်ကျသွားရောက်ငှားရမ်း ဆောင်ရွက် ပေးလျက်ရှိသည်။

မန်တုံ(ပြန်/ဆက်)