ဒေါပုံမြို့နယ် အ.မ.က(၄) ကျောင်းတွင်  (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်

ရန်ကုန် ဇူလိုင် ၁၈

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်() အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများနှင့် အာဇာနည်စိတ်ဓာတ်ဆိုသည်မှာ အဘယ်နည်း စသည့်အကြောင်းအရာများကို ဟောပြောပေးခဲ့ပါသည်။ ဆက်လက်၍ အာဇာနည်နေ့အကြောင်း သိမှတ်ဖွယ်ရာများကို ဥာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး အဖြေမှန်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ ဆက်)