ဟိုပင် ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲများကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။
အဆိုပါ ပြပွဲ၊ ပြိုင်ပွဲများကို ပြည်သူ့စာကြည့်တိုက်သို့ လာရောက်စာပေလေ့လာဖတ်ရှုကြသော ကျောင်းသား/သူ (၂၀)ဦးတို့က စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်ပြပွဲနှင့် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး၏ အတ္ထပ္ပုတ္တိများကို နံရံကပ် စာစောင်တွင် ပြသထားရှိရာ ကျောင်းသားသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
လင်းသွယ်သွယ်ဦး ပြန်/ဆက်