မိုင်းရှူး ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ နားစံကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရပုံရိပ်များနှင့် မြို့နယ်တွင်းလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ စသည့်အကြောင်းအရာပါ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)