ကွန်ဟိန်း ဇူလိုင် ၁၈
ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားလာစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်တန်ဖိုးထားတတ်စေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများသည် ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာမ ဒေါ်မာရိနှင့် ဒေါ်ခင်ချိုအေးတို့က အမှာစကားပြောကြားပြီး ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)