မန်ကန် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးကပ် (တာဝန်ခံ)က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်များ၏ မြန်မာပြည်လွတ်လပ် ရေးရရှိအောင် ကြိုးပမ်းချက်များ၊ အစဉ်အောက်မေ့နေရမည့် အာဇာနည်စိတ်ဓာတ်များကို ဟောပြော ဆွေးနွေးခဲ့သည်။ ထို့နောက် မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-3 ကျောင်းသား /သူများက အာဇာနည်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ အဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲကို ပြသခဲ့ရာ တက်ရောက်လာကြသော ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကျောင်းသား/သူ (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အေးကပ်(ပြန်/ဆက်)