တာလေ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ယမန်နေ့ ညနေ ၂ နာရီ မိနစ် ၄၀ ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၁) ရပ်ကွက်၊ သီရိရွာ၊ RC ခရစ်ယာန်ဘုရားရှိခိုးကျောင်းအနီး ကျိုင်းတုံ-တာချီလိတ်သွား ပြည်ထောင်စုလမ်းမပေါ်သို့ သစ်ပင်ကြီးတစ်ပင်နှင့် ဓာတ်တိုင်တစ်တိုင် ပြိုလဲကျသဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းပိတ်ဆို့မှုဖြစ်ပွားရာနေရာသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တာလေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာလေနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် နေပြည်သူများက လူအင်အားနှင့် Chain Saw စက်များအသုံးပြု၍ ဖယ်ရှားရှင်းလင်းခဲ့သဖြင့် ညနေ ၄ နာရီခန့်တွင် ယာဉ်ကြီး၊ ယာဉ်ငယ်များ ပုံမှန်သွားလာ၍ရခဲ့ကြောင်း သိရသည်။
တာလေ(ပြန်/ဆက်)