ဘူးသီးတောင်မြို့၊ လူထုအခြေပြုဗဟိုဌာနCommunity Centreခန်းမ၌ ပန်းအလှဆင် သင်တန်းနှင့် ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ဘူးသီးတောင် ဇူလိုင် ၁၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ပန်းအလှ ဆင်သင်တန်းနှင့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က မိမိတို့ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းများ၊ အခမ်းအနားမှူးများအခါအားလျော်စွာ လုပ်ဆောင်သွားရမည် ဖြစ်သည့်အတွက် ပန်းအလှဆင်သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ပန်းအလှဆင်ခြင်းမှာလည်း အတတ်ပညာတစ်ခုဖြစ်ကြောင်းနှင့် ဆပ်ပြာဆီပြုလုပ်နည်းမှာလည်း အိမ်တွင်း စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါကြောင်းပြောကြားပြီး၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်အေးအေးမြိုင်က သင်တန်းသူများအနေဖြင့် သင်တန်းနည်းပြ ဆရာမများက လက်တွေ့ပြသဆောင်ရွက်ပေးတာကို စိတ်ဝင်စားစွာ လေ့လာမှတ်သွားကြဖို့လိုကြောင်း၊ လိုအပ်ပါက လက်တွေ့ဆောင်ရွက်သွားကြပါလို့ အထူး မှာကြားလိုကြောင်း ဆွေးနွေးပြောကြားကာ နည်းပြဆရာမများက ပန်းအလှဆင်နည်း အမျိုးမျိုအား လက်တွေ့ပြသ သင်ကြားပို့ချခဲ့ပြီး တစ်ပိုင်တစ်နိုင်အိမ်တွင်း စီးပွားဖြစ်စေရန် ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို (၁) ရက်တာ သင်ကြားပို့ချ ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ စာအုပ်များ အခမဲ့ငှားပေးခြင်း၊ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေး ခြင်းနှင့် အခါအားလျော်စွာအသိပညာပေး Talk Show များ ပြုလုပ်ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 လှကျော်