မိုင်းဆတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို  စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာ ဗဟုသုတကြွယ်ဝသည့် နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အာဇာနည်ခေါင်းဆောင်များ အကြောင်းအား သိရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်သည်။

အဆိုပါ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲတွင် “အာဇာနည်စိတ်ဓာတ်၊ မျိုးချစ်အာဇာနည်၊ မိုးစက်ဖြိုင်ဖြိုင်လွမ်းမိုးလှိုင်၊ အာဇာနည်မြတ် မမေ့အပ်” ခေါင်းစဉ်တို့ဖြင့် ကျောင်းသား/ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(မိုင်းဆတ်)