မူဆယ်မြို့ (Community Centre) ခန်းမ၌ “ဥပဒေနှင့်အညီခုခံချေပဖို့ နွမ်းပါးပြည်သူ ကူညီကြစို့” အသိပညာပေး (Talk Show) ဆောင်ရွက်

မူဆယ် ဇူလိုင် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က  ဥပေဒနှင့်အညီခုခံချေပဖို့ နွမ်းပါးပြည်သူကူညီကြစို့ အသိပညာပေး (Talk Show) ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ (Talk Show) ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင် ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက ဥပေဒနှင့်အညီခုခံချေပဖို့ နွမ်းပါးပြည်သူကူညီကြစို့ အသိပညာပေးနှင့်ပက်သက်၍ မေးမြန်းပြောကြားခဲ့ရာ မူဆယ်မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်ဇော်က ပြည်သူများ မတရားစွပ်စွဲခံရသည့် တရားခံဘက်မှ ဥပေဒေနှင့်အညီ လိုက်လံကူညီဆောင်ရွက်ပေးရကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြဌာန်း ချက်နှင့်အညီ နွမ်းပါးပြည်သူများ ဥပဒေ၏ အကာအကွယ်အပြည့်အဝရရှိရေး ဆောင်ရွက်ပေးသည့် တရားဝင်အဖွဲ့ဖြစ်ကြောင်း၊ ဥပေဒနှင့်ပက်သက်သည့် အကြောင်းအရာများအား ပြည်သူများ သိရှိ စေနိုင်ရန် အသိပညာပေး ပြောကြားဆွေးနွေးကြကြောင်း သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)