ကြည့်မြင်တိုင်မြို့နယ်၌ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကြည့်မြင်တိုင်  ဇူလိုင်   ၁၇

 (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်၁၀နာရီက ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ် (၁)အ​ခြေခံပညာအထက်တန်း​ကျောင်းခန်းမ ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါ​ဟော​ပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာလင်းက ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဗိုလ်ချုပ်အောင်ဆန်း နှင့်အာဇာနည် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိရန်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကြိုးစားခဲ့ပုံများ၊ အာဇာနည်​နေ့ ဖြစ်​ပေါ်လာခဲ့ပုံများ၊ အာဇာနည်​ခေါင်း​ဆောင်ကြီးများ၏ ကိုယ်ကျင့်တရား၊ စွမ်းဆောင်မှုများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကိုးဦးတို့၏ အတ္ထုပ္ပတိများနှင့် အာဇာနည်စိတ်ဓာတ်များအား အကျယ်တဝင့် ဟောပြောခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်များ၊ အသိပညာဗဟုသုတရရှိစေနိုင်သော သုတ၊ ရသစာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုနေကြကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ ဆက်)