အလုံမြို့နယ်၌ (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

အလုံ ဇူလိုင် ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။.  

ရှေးဦးစွာ အခမ်းအနားတွင် အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်  အလုံမြို့နယ်ပညာရေးမှူး  ဒေါ်လှကြူမာတို့က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ချိုက ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။.

  ထို့နောက်    စာရေးဆရာမအေး (ရန်ကုန်တက္ကသိုလ်)က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာ့လွတ်လပ်ရေးရရှိရန်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကြိုးစားခဲ့ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦးတို့၏ အတ္တုပ္ပတ္တိများနှင့် အာဇာနည်စိတ်ဓာတ်များကို အသိပညာပေး ဟောပြောခဲ့ပြီး  ဟောပြောပွဲသို့ ဆရာ၊ ဆရာမ ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ ဆက်)