မချမ်းဘော ဇူလိုင် ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင် လာစေရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားလေးစား တတ်စေရန် ရည်ရွယ်၍ ၂၀၂၃ခု နှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဂျီယောနသန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က အာဇာနည်နေ့ တို့မမေ့ ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို မြို့နယ်ပညာ ရေးမှူး ဆရာကြီးကလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် အထက မချမ်းဘောမှ ဆရာမ ဒေါ်မလောင်နန်တို့က လည်းကောင်း ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ အခြေခံပညာ အထက်တန်း ကျောင်းနှင့် အလကမြို့မကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၄၂) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသူ၊ ကျောင်းသားများ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ပြပွဲ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)