ညောင်ဦး ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အေဒီ ၁၃ ရာစုကတည်ထားသည့် ခေမင်္ဂဘုရားအပြင်ဘက်ပိုင်း အင်္ဂတေပန်းလက် ရာများနှင့် အတွင်းပိုင်းနံရံ ပန်းချီများကို လေ့လာနိုင်ကြောင်းသိရသည်။
ခေမင်္ဂဘုရားသည် ထီးလိုမင်းလိုဘုရား၏အနောက်ဘက် ပုဂံ-ညောင်ဦးသွားကားလမ်း၏ တောင်ဘက်တွင်တည်ရှိပြီး နှစ်ထပ်လိုဏ်ဂူအရှေ့ဘက်လှည့် ကွန်းတောင်ပေါက် ဘုရားတစ်ဆူဖြစ်ကာ အပေါ်ပိုင်းတွင် ခိုနန်းကြိုးတစ်ဆစ်ချိုးပါ လေးထောင့်ပစ္စယာနှစ်ဆင့်ပေါ်တွင် ထောင့်စေတီများပါဝင်ပြီး ကွန်းတောင် ပေါက်ထားကာ စေတီတော်၏အပြင် ဘက်ပိုင်းတွင် အင်္ဂတေပန်းလက်ရာများနှင့် အတွင်းပိုင်းတွင် နံရံပန်းချီလက်ရာများကို လေ့လာနိုင်သည်။ စေတီတော်အား အေဒီ (၁၃) ရာစုခန့်တွင်တည်ထားကြောင်း ဗိသုကာလက်ရာ အထောက်အထားများအရ သိရှိနိုင်သည်။
ခေမင်္ဂဘုရား၏ အရှေ့ဘက်တွင် ထီးလိုမင်းလိုဘုရား၊ ရွှေလိပ်တူးဘုရား၊ အရှေ့မြောက်ဘက်တွင် သိကြားပုန်းဘုရား၊ သိကြားဟစ်ဘုရား၊ မြောက်ဘက်တွင် စတု မုခဘုရား၊ အနောက်မြောက်ဘက်တွင် ဥပါလိသိမ်၊ ရင်မနားဘုရားအစုအဝေး၊ အနောက်ဘက်တွင် မင်းအိုချမ်းသာဘုရား၊ အာနန္ဒာဘုရားနှင့် ဘုရား၊ ပုထိုး၊ စေတီ၊ သာသနိကအ ဆောက်အအုံများကို လေ့လာနိုင်မည် ဖြစ်သည်။
ဒီပါလင်း