ကွတ်ခိုင် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ အရိုးအဆစ်ဆိုင်ရာရောဂါအကြောင်း အသိပညာပေး (Talk show) ဆွေးနွေးပွဲအား ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဌေးဌေးဝင်းက အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး မြို့နယ်တာဝန်ခံ ဒေါ်သက်စုပိုင်နှင့် အပြန်အလှန်ဆွေးနွေးကြရာ ဒေါ်သက်စုပိုင်က အရိုးအဆစ်ရောဂါသည် ကမ္ဘာပေါ်တွင်အဖြစ်များ ဆုံးရောဂါများ ထဲကတစ်ခုဖြစ်ပြီး လူ့ခန္ဓာကိုယ် သွားလာလှုပ်ရှားမှုများပြုလုပ်နိုင်အောင် အဓိကမဏ္ဍိုင်အဖြစ် အရိုးအဆစ်များကပါဝင်ကြောင်းနှင့် အရိုးအဆစ်နှင့် ပတ်သက်သောရောဂါများဖြစ်သည့် အရိုးကျီး ပေါင်း၊ ဒူးနာ၊ ခါးနာ၊ ဂေါက်၊ လေးဖက်နာစသည့် ရောဂါများ အကြောင်း၊ အရိုးကျီးပေါင်းရော ဂါများဖြစ်သည့် ဇက်ကျီးပေါင်း၊ ခါးကျီးပေါင်း၊ ဒူးကျီးပေါင်း၊ ဖနောင့်ကျီးပေါင်း များအကြောင်း၊ လေးဖက်နာရောဂါများဖြစ်သည့် ပိုးလေးဖက်နာ၊ သွေးလေးဖက်နာ၊ တုံ့ပြန်လေးဖက်နာ၊ အရေပြား လေးဖက်နာ၊ အရေပြားတူလေးဖက်နာ၊ အဆစ်ရောင်အရေပြားနာ စသည့်ရောဂါများအကြောင်းကို အကျယ်တဝင့်ဆွေးနွေးသွားကြကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)