ဒဂုံတက္ကသိုလ်၌ လူငယ်နှင့်အားကစား အသိပညာပေး ဟောပြောသရုပ်ပြပွဲကျင်းပ

ဒဂုံအရှေ့ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဒဂုံတက္ကသိုလ်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းသေ ာ၂၀၂၂-၂၀၂၃နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ရှိ ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်အားကစားအသိပညာပေး ဟောပြောသရုပ်ပြပွဲအခမ်းအနားကို ဒဂုံတက္ကသိုလ်ရှိ အားကစားခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့သည်။

ရှေးဦးစွာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ သာထွန်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန (လူငယ်ရေးရာ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ဆွေအေးကအားကစားဆိုင်ရာ အသိပညာများဟောပြောခြင်းနှင့် မြန်မာ့လက်ရွှေးစင်ဂျူဒိုအားကစားသမားဟောင်း ဒေါ်ကြည်ကြည်ဝေမှ အတွေ့အကြုံဗဟုသုတများ ရှင်းလင်းပြောကြားခဲ့ပြီးနောက် IKO MYANMARမှ Kyokushin အားကစားနည်း၊ မြန်မာ့သိုင်းအဖွဲ့ချုပ်မှ မြန်မာ့သိုင်းအားကစားနည်း၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ ဝူရှူးအားကစားနည်းဖြင့် သရုပ်ပြခဲ့ကြသည်။

ထို့နောက်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးက ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ သာထွန်းမောင်ထံ အားကစားပစ္စည်းများ ပေးအပ်ခြင်းနှင့် ဒဂုံတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာ စန်းစန်းမွှေးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး နောက်သက်ဆိုင်ရာတာဝန်ရှိသူများက အားကစားသရုပ်ပြအဖွဲ့အားဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ ဆက်)