မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေးဟိုတယ်၌ ရွှေဖြင့်ပြုလုပ်သော တန်ဖိုးမြှင့်ပစ္စည်းများနှင့် လက်ဝတ်ရတနာများ တင်ပို့၊ တင်သွင်းခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

မဟာအောင်မြေ ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေးဟိုတယ်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှကြီးမှူး၍ ရွှေဖြင့် ပြုလုပ်သော တန်ဖိုးမြှင့်ပစ္စည်းများနှင့် လက်ဝတ်ရတနာများ တင်ပို့၊ တင်သွင်းခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင်လ(၁၅)ရက်နေ့က ချမ်းမြသာစည်မြို့နယ် မင်္ဂလာ မန္တလေးဟိုတယ်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စီးပွားရေး နှင့်ကူးသန်းရောင်းပယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက အဖွင့်အမှာစကားပြောကြားပြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေးက နှုတ်ခွန်းဆက် စကားပြောကြားသည်။

ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာနမှ ရွှေဖြင့်ပြုလုပ်သော တန်ဖိုးမြှင့်ပစ္စည်းများနှင့် လက် ဝတ်ရတနာများ တင်ပို့၊ တင်သွင်း ခွင့်ဆိုင်ရာ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ သတ္တုတွင်းဦးစီးဌာနမှ ရွှေ၊ သတ္တု ထုတ်လုပ်တင်ပို့ခွင့်ဆိုင်ရာ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အမှတ်(၂) သတ္တုတွင်းဦးစီးဌာနမှ ရွှေ၊ သတ္တု တန်ဖိုးသတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ကျောက်မျက် ရတနာတင်ပို့မှုဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းတန်ဖိုးသတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ခြင်း၊အကောက်ခွန်ဦးစီးဌာနမှ အကောက် ခွန်နှုန်းသတ်မှတ်မှုနှင့် လုပ်ထုံး လုပ်နည်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်သတ်မှတ်မှုနှင့် လုပ်ထုံးလုပ်နည်း များနှင့်စပ်လျဉ်း ၍လည်းကောင်း၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ရွှေနှင့် အဖိုးတန် လက်ဝတ်ရတနာများ သယ်ဆောင်ခြင်းနှင့် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းခြင်း၊. ကုန်သွယ်ရေးဦးစီးဌာနမှ Myan mar Tradenet 2.0 စနစ်ဖြင့် လိုင်စင်လျှောက်ထားမှုများအား ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များမှ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းပယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့်ဝန်ထမ်းများ၊ ရွှေလုပ်ငန်းရှင်များ၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အောင်ဇော်မင်း