အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မြစ်ကြီးနား) ၌ အသိပညာပေး ဟောပြောပွဲကျင်းပ

မြစ်ကြီးနား ဇူလိုင် ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ နယ်စပ်‌‌ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်‌ရေးဦးစီးဌာန၊ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မြစ်ကြီးနား) ရှိ ခန်းမ၌ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးကျော်ထက်က အဆိုပါ အသိပညားပေးဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က အားကစားအကြောင်း သိကောင်း စရာများကို အသိပညာပေး ဟောပြောကာ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက လူငယ်ရေးရာနှင့် ပတ်သက်သည့်များကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ)က အနာဂတ်အတွက် စာဖတ်ပါ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသားများအတွက် အားကစားပစ္စည်းများကိုလည်းကောင်း၊ စာရေးဆရာ အကြီးကိုကို (ကသာ) က ကျောင်း စာကြည့်တိုက် အတွက် သုတ၊ ရသစာအုပ်များကိုလည်းကောင်း လှူဒါန်းပေးအပ်ခဲ့သည်။