အ.ထ.က-ခွဲ(မိုင်းကိုင်)၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

မိုင်းကိုင် ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်  ဟောပြောပွဲတစ်ရပ်ကို  ယနေ့မနက်ပိုင်းက  အ.ထ.က−ခွဲ(မိုင်းကိုင်) ကျောင်း အားကစားကွင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ကျောင်းအုပ်ဆရာမကြီး  ဒေါ်နန်းထွေးထွေးက  အဖွင့်အမှာစကားပြောကြားပြီး  နယ်မြေခံတပ်မှ ဗိုလ်ကြီးအောင်ဆန်းလင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးတို့က  လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်၊ လူငယ်တို့၏အနာဂတ်  စသည့် ခေါင်းစဉ်များဖြင့်  အသိပညာပေးဟောပြောရာ  ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များက မိမိတို့၏ အမြင်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက်  နယ်မြေခံတပ်မှ တာဝန်ရှိသူများက  ကျောင်းစာကြည့်တိုက်အတွက်  လူငယ်အသိပညာပေး သုတနှင့်ရသ စာပေများ၊ စည်းလုံးညီညွတ်မှု  ဖော်ဆောင်သည့် ရှမ်းအိုးစည်လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ရာ  ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းထွေထွေးနှင့်  ကျောင်းသား၊ ကျောင်းသူများက လက်ခံယူခဲ့ကြောင်း သိရသည်။

ချော(မိုင်းကိုင်)