မိုင်းယု ဇူလိုင် ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းလုပ်များဖြစ်သည့် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် စသည့်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အများပြည်သူနေအိမ်များသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ရာသို့ မြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ ကျန်းမာရေးဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် အဖွဲ့များက မိုးကြိုကာလ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များ အလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်၊ ရေစည်၊ ရေပုံးများအတွင်းသို့ အဘိတ်ဆေးများခပ်ခြင်းအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် ဘုရားပန်းအိုးများ၊ သောက်တော်ရေခွက်များ၊ မိုးရေတင်ကျန်နိုင်သည့် တာယာခွံများနှင့် ရေအိုးဟောင်းများတွင် ရေများမခိုအောင်းစေရေး ဆောင်ရွက်ပေးကြပါရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရာများအား အသိပညာပေးခြင်းများကို သတ်မှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်