ဒလ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်မှစတင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒလမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ရွှေရည်ဝင့်ဝါစိုးမှ ပလတ်စတစ်ညစ်ညမ်းမှု၏ဆိုးကျိုးများ၊ ပလတ်စတစ်၏ ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်ပွားနိုင်သောရောဂါများ၊ ပလတ်စတစ်ညစ်ညမ်းမှုကို ဖြေရှင်းရန်နည်းလမ်းများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပလတ်စတစ်အသုံးပြုမှု လျော့ချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်သာယာလှပရေးကို အထောက်အကူပြုကြရန်၊ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျော့ချ၍ စက္ကူအိတ်၊ အင်ဖက်တို့ကို အစားထိုးအသုံးပြုကြရန်၊ ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေခြင်းစသော ကောင်းကျိုးနှင့်ဆိုးကျိုးများကို ဟောပြောခဲ့သည်။ ထို့နောက် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ လက်ကမ်းစာစောင်များကို တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ပညာရေးစစ်ကြောင်းခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ကျောင်သား၊ ကျောင်းသူဦးရေ စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ကျော်စည်သူ(ပြန်/ဆက်)