မုံးကုံး ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ရှိ ရပ်ကွက်အတွင်း အချို့သောအိမ်ခြံဝင်း၌ မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေရရှိအောင် ရှမ်းပြောင်း(သေး)များ ကိုစိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အချို့သော ရပ်ကွက်အိမ်ခြံဝင်းအတွင်းတွင် ရှမ်းပြောင်း(သေး)ကိုသာမကဒေသထွက်ပြောင်းဖူး များကို မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေရရှိအောင် စိုက်ပျိုးထားရှိပြီး ဒေသရှမ်းပြောင်း(သေး) စေ့ (၁)ကျင်း ကို တရုတ်ငွေ ၂ ယွမ်ကျော် ပေးဝယ်ရကြောင်း၊ ဒေသထွက်ပြောင်းကိုမူ (၁)ကျင်းကို ၁ ယွမ် ကျော်ပေးဝယ်ရကြောင်း သိရသည်။ ပြောင်း အပင်ကို ကြားကြောင်းဆွဲပြီး အစေ့ချစနစ်နဲ့ ပင်တန်း ကြား ၁ပေ၊ အပင်ကြား ၁၀လက်မ အကွာခြားပြီး စိုက်ပျိုးထားကြောင်း၊ အပင်ရက်သား ၂၀ကျော်မှာ ဘောင်လုပ်ပေးပြီး အပင်သန်တဲ့ မြေဩဇာကျွေးပေးရကြောင်း၊ ယခုပြောင်းခင်းကို မေလတွင် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ပြောင်းပင်များ ၃လ ကျော်ရင် ခူးချိုးနိုင်ကြောင်း သိရသည်။ မုံးကိုးမြို့တွင် ရှမ်းပြောင်းဖူး (သေး) ၂ ဖူးတွဲ တစ်တွဲလျှင် ၅ ယွမ်နှုန်းဖြင့် ရောင်းချရကြောင်း၊ ဒေသထွက်ပြောင်း များကိုမူ အခြောက်လှန်၊ အစေ့ခြွေခြင်းဖြင့်ကျင်းလိုက် ရောင်းခြင်းနှင့်ပြောင်းသီးနှံအား မိသားစု တစ်ပိုင်တစ်နိုင်အပိုဝင်ငွေရရှိအောင် စိုက်ပျိုးရောင်းချသူများရှိသလို စီးပွားဖြစ် စိုက်ပျိုးရောင်းချသူ များလည်းရှိကြောင်း သိရသည်။
မေစံပယ်ဖူး(မုံးကိုး)