ကျိုင်းတုံ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြမြခင်က အဖွင့်အမှာစကား ပြောကြားပြီး စစ်တုရင် ပထမအကွက်ကိုရွှေ့၍ ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို ဖွင့်လှစ် ပေးသည်။
အဆိုပါပြိုင်ပွဲတွင် ကျိုင်းတုံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုချီးမြှင့်ပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၁၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)