မန့်ဟီးရိုးမြို့တွင်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်၊ စာစောင်များ ပြသဆောင်ရွက်

မန့်ဟီးရိုး ဇူလိုင် ၁

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ကိုဂုဏ်ပြု သောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့  နေ့လည်(၁း၀၀)အချိန်က နံရံကပ် စာစောင်များနှင့် စာအုပ်၊ စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ နံရံကပ်စာစောင်များတွင် လွတ်လပ်ရေးဗိသုကာ၊လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ အတ္ထုပ္ပတ္တိ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ၊ ပြည်သူလူထုအား ဗိုလ်ချုပ် အောင်ဆန်း မှာကြားခဲ့သော မိန့်ခွန်းများ၊ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်း ဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်ခေါင်းဆောင်(၉)ဦးတို့ လက်တွဲညီညီ လွတ်လပ်ရေး အတွက် ကြိုးပမ်းဆောင်ရွက် ခဲ့ပုံများနှင့် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကဗျာများ၊ ရုပ်ပြ ကာတွန်းများကို ပြသဆောင်ရွက်ခဲ့ပါ သည်။သို့ဖြစ်ပါ၍ ဒေသခံပြည်သူများနှင့်ကျောင်းသား/သူများ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ကို မမေ့မလျော့စေရန်နှင့် ရင်ထဲ၌ ထာဝရရှင်သန်ကိန်းဝပ်နေစေရန် ပြသ  ဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများ၊ ဈေးရောင်း ဈေးဝယ်များ၊ လမ်သွားလမ်းလာများနှင့် ကျောင်းသွားကျောင်း ပြန်ကျောင်းသား/သူများက နံရံကပ် စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ အသိပညာ ဗဟုသုတတိုးတက်မြင့်မားရေးနှင့် စာဖတ်ချင်စိတ်တိုးတက်လာစေရန်အတွက် စာအုပ်၊ စာ စောင်များကိုလည်း ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။

မန့်ဟီးရိုး(ပြန်/ဆက်)