တာလေမြို့၌ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင်ဖြင့် စာဖတ်ဝိုင်းကျင်းပ

တာလေ ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ဝန်ထမ်း စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက စာဖတ်ဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်ပါ စာကြည့်တိုက်အဓိပ္ပာယ်၊ စာကြည့်တိုက်ပညာ၊ စာကြည့်တိုက်အမျိုးအစားများ၊ ထူးခြားသည့် ဝိသေသနများ စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများအားလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်မေထက်ကြိုင်က စာကြည့်တိုက် လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်းနှင့် စာပြုလုပ်ငန်း စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများအားလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ တာလေမြို့ရုံးအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက် နာဆောင်ရွက်ရန် သတ်မှတ်ပြဌာန်းထားသည့် စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို  လစဉ် တစ်လ လျှင်(၂) ကြိမ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)