ပုံပါကျင်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း အစီစဉ်လွှင့်တင်ဆောင်ရွက်ပေးခြင်း

ပုံပါကျင် ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းအစီစဉ်ကို ယနေ့(၁၁)နာရီအချိန်က ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခဲ့သည်။

ပုံပါကျင်မြို့ရှိ ကျောင်းနေရွယ်ကလေးများ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်လာစေရန်၊ စဉ်းစားတွေးခေါ်ဆင်ခြင်ဉာဏ်များ တိုးတက်လာစေရန်ရည်ရွယ်ပြီး ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည့်အစီစဉ်များရှိသည့်အပြင် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် စာအုပ် မိတ်ဆက်ခြင်းအစီစဉ်များကိုလည်း Online‌ မှ တစ်ဆင့်ရိုက်ကူးလွှင့်တင်ပေးခဲ့ကြသည်။

ထိုသို့ ရိုက်ကူးတင်ဆက်‌ပေးရာ ပြည်သူ့စာကြည့်တိုက်တွင် တာဝန်ရှိသူတစ်ဦးက စာရေးဆရာ ဦးဘုန်းဓာတု ရေးသားထားသော "နတ်သုဓာ" စာအုပ်ဖြင့် မိတ်ဆက်ရိုက်ကူးကာ ပုံပါကျင်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။

သော်တာ(ပြန်/ဆက်)