ကျိုက်မရော၌ (၃၈)ဖြာမင်္ဂလာ ယဥ်ကျေးလိမ္မာသင်တန်းအပတ်စဥ်ဖွင့်လှစ်သင်ကြားပေး

ကျိုက်မရော   ဇူလိုင်  ၁၇

ကျိုက်မရောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လိမ္မာယဥ်ကျေးသောကလေးများဖြစ်စေရန်ရည်ရွယ်၍ ရသေ့ကျောင်းတိုက်၌ (၃၈)ဖြာမင်္ဂလာတရားတော်များကို အပတ်စဥ်တနင်္ဂနွေနေ့တိုင်း သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၃၈ ဖြာမင်္ဂလာနှင့်ယဥ်ကျေးလိမ္မာသင်တန်းကို ကျိုက်မရောမြို့နယ် YMBA အသင်းခွဲမှကြီးမှူး၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းတွင် နည်းပြဆရာ၊ ဆရာမ ၄ ဦးတို့က ဗုဒ္ဓဘာသာတရားတော်များ၊ ၃၈ ဖြာမင်္ဂလာစာပေများကို အပတ်စဥ်ပို့ချ သင်ကြားပေးလျက်ရှိပြီး အဆိုပါသင်တန်းသို့ အခြေခံပညာမူလတန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးတို့ တက်ရောက်သင်ကြားလျက်ရှိရာ အပတ်စဥ်စေတနာရှင်အလှူရှင်များက အချိုရည်များ၊ မုန့်များကို လာရောက်လှူဒါန်းကျွေးမွေးလျက်ရှိကြောင်း YMBA အသင်းခွဲဥက္ကဋ္ဌ ဦးအေးအောင်ထံမှ သိရသည်။

 မြို့နယ်(ပြန်/ဆက်)