မိုင်းတုံမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်ဟုန်မပျက်ဆောင်ရွက်

မိုင်းတုံ  ဇူလိုင်  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်‌‌ ကွေးဖြစ်ပွားမှု‌ လျော့နည်းစေရန်ရည်ရွယ်၍  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက် ၉:၁၅ နာရီအချိန်က ဝမ်းမိုင်ဘုန်းကြီးကျောင်းဝန်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မိုးရာသီကာလ သွေးလွန်တုပ်ကွေးသည်ဖြစ်ပွားလေ့ရှိသော ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားပြီး လည်းကောင်းမှတစ်ဆင့်လူသားတို့ကိုအကိုက်ခံရခြင်းမှသွေးလွန်တုပ် ကွေး ရောဂါဖြစ်ပွား‌သည်ကို များသောအားဖြင့် တွေ့မြင်ကြရခြင်းဖြစ်သည်။ ဒါကြောင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်ဦးဆောင်၍ မြိုယ်နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲမှူးနှင့်အဖွဲ့၊ ခရိုင်လဝက၊မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်တို့ ပူးပေါင်း၍  ခြင်ခိုအောင်းမှုမရှိစေရန်၊ ရေလှောင် ကန်များ၊ ရေပီပါများ၊ ရေပုံးများ၊ ရေမြောင်းများ၊ ဘုရားပန်းအိုးများ၊ မိုးရေဝင်နိုင်သည့်  အိုးခြမ်းပဲ့၊ တာယာကွင်း၊ ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များစသည့် ခြင်ပေါက်ဖွားနိုင်သည့်နေရာများကို  ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းမျာကို‌ ဝမ်မိုင်ရပ်ကွက်အတွင်းရှိလူနေအိမ်များ၊ စာသင်ကျောင်းများကို ​နေရာလပ်မကျန်ဆောင်ရွက်ခဲ့ကြ‌ပြီး ကျန်ရှိသည့် ဘုန်းကြီး‌ကျောင်းများနှင့် ရပ်ကွက်များကိုလည်းဆက်လက် ၍ဆောင်ရွက်‌ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စီမံအုပ်ချုပ်‌ ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးထံမှ သိရသည်။

မျိုးကျော်စိုး(မိုင်းတုံ၊ပြန်/ဆက်)