နမ့်ဆန်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

နမ့်ဆန် ဇူလှိုင် ၁၇

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းနှင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နယ်စပ် ဒေသလူ ငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဦးသန်းထွန်းက လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟော ပြောခဲ့ရာ၊ လူကုန်ကူးရာတွင် ကလေကနေလူကြီးအထိကုန်ကူးခံရနိုင်ကြောင်း၊ လူကုန်ကူးမှု သည် မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံများတွင်လည်း တားမြစ်ထားကြောင်း၊ လူကုန်ကူးမှု ဆိုင်ရာဥပဒေနှင့် ပစ်ဒဏ်များအား ဟောပြောခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးဦးမင်းခန့်က လမ်းစည်းကမ်းနှင့် ယာဉ်စည်းကမ်းဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း၊ မိမိတို့၏ မော်တော်ဆိုင်ကယ်များကို မှတ်ပုံတင်ထားသင့်ကြောင်း၊ ယာဉ်မတောတဆဖြစ်ပေါ်လာပါ မှတ်ပုံတင်ထားသည့် ယာဉ်က ပစ်မှုကြီးကြီးမားမား မခံရကြောင်း၊ ယာဉ်တစ်စီးတွင် ရှိသင့်ရှိထိုက်သည့် ကိရိယာ များအားထား ရှိသင့်ကြောင်း၊ မော်တော်ဆိုင်ကယ်စီးသည့်အခါတွင် အကာအကွယ်ဖြစ်သော ဆိုင်ကယ်စီး ဦးထုပ်ကို အမြဲဆောင်းထားသင့်ကြောင်းနှင့် လမ်းစည်းကမ်းယာဉ်စည်း ဥပဒေပုဒ်မများနှင့် ပစ်မှုပစ် ဒဏ်များကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဆရာ/မများနှင့် ကျောင်းသား/သူ စုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)