တုံတာ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့မှစတင်၍ တုံတာမြို့ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးသွားမည်ဖြစ်ရာ ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ 1st dose ၊ 2nd dose ၊ 1st booster ၊ 2nd booster၊ 3nd booster ထိုးနှံပေးသွားမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြမည့် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် သွားရောက်ထိုးနှံကြမည်ဖြစ်ကြောင်း သိရသည်။
မြတ်မွန်(ပြန်/ဆက်)