ဒဂုံတောင် ဇူလိုင် ၁၆
ကျေးဇူးတော်ရှင် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ အင်းစိန်ရွာမ ဆရာတော်ကြီး ဦးစီးတည်ထောင်တော်မူသော ဗုဒ္ဓ၊ ဓမ္မ၊ ပရဟိတဖောင်ဒေး ရှင်း(ဗဟို)က စီစဉ်ထုတ်ဝေခဲ့သည့် စာအုပ်စာစောင်များကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များသို့ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီ ၃၀ အချိန်က ပိဋကသုံးပုံနိကာယ်စာသင်တိုက်၊ ရွှေရတုမင်္ဂလာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအားစတင် ဖွင့်လှစ်ခဲ့ပြီး ပိဋကသုံးပုံနိ ကာယ်စာသင်တိုက် ပဓာနနာယက၊ ရွှေရတုတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋက ပါဠိပါရဂူ မော်ကျွန်းဆရာတော် ဘဒန္တသီလက္ခန္ဓာဘိဝံသက သြဝါဒကထာ မြွက်ကြားခြင်း၊ မင်္ဂလာဒုံမြို့နယ် ဇေတဝန်ဓမ္မာရုံကျောင်း ပဓာနနာယကဆရာတော် ဒေါက်တာအရှင်သောပါကက စာအုပ်လှူဒါန်းခြင်း အခမ်းအနားဖြစ်ပေါ်လာပုံများကို မိန့်ကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီလက်အောက်ရှိ စာကြည့်တိုက်များအတွက် စာအုပ်၊ စာစောင်များကို တိပိဋကပစ္ဆာသမဏ၊ မဟာသဒ္ဓမ္မဇော တိကဓဇ ဆရာတော် ဘဒန္တပညိန္ဒက ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး စာအုပ်လှူဒါန်းပွဲ ဖြစ်မြောက်ရေးအတွက် အင်တိုက်အားတိုက်ပါဝင် ကူညီကုသိုလ် ယူခဲ့ကြသော ဆရာတော်ကြီးများနှင့်တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်း လွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။
အဲ့ဒီနောက် ကြွရောက်ချီးမြှင့်ပေးကြသောဆရာတော် သံဃာတော်ကြီးများအား လှူဖွယ်ပစ္စည်း အစုစုတို့နှင့်ဝါဆိုသင်္ဃန်းများအားဆပ်ကပ်လှူဒါန်းပူဇော်ခဲ့ပြီး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို) ဦးဆောင်ဆရာတော်၊ မုတ္တမမြို့ မြစေတီနန်းဦးစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒန္တသဒ္ဓမ္မက မုဒိတာစကား မြွက်ကြားခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ ကြောင်းသိရသည်။
အဆိုပါ စာအုပ်လှူဒါန်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူစာကြည့် တိုက်များသို့ စာကြည့်တိုက် တစ်တိုက်လျှင် (၄၄)အုပ်နှုန်းဖြင့် စာကြည့်တိုက်(၁၆၅) တိုက် တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)