ရန်ကုန် ဇူလိုင် ၁၆
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(ဗဟို)နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း MRPDA(ရန်ကုန်တိုင်း)တို့မှ ပူးပေါင်းကျင်းပသော AML/ CFTဆိုင်ရာ သိကောင်းစရာများနှင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Sky Star Hotel ၌ကျင်းပခဲ့သည်။
ရှေ့ဦးစွာ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဗဟိုအလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးအောင်ထွန်းမှ အမှာစကားပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းမှ အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးမြင့်မှ အမှာစကားပြောကြားပြီး၊ တက်ရောက်လာကြသည့်အဖွဲ့ဝင်းများက မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထိုနောက် AML/ CFTဆိုင်ရာ သိကောင်းစရာများနှင့် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များဆိုင်ရာများကို အသိပညာပေးဟောပြောပို့ချရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်၊ ဆရာနတ်မောက် ဦးဇော်မင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြေယာဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေထက်အောင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်တို့မှမြို့ပြမြေယာ ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ စာချုပ်စာတမ်းဥပဒေ၊ AML/ CFTငွေကြေးဆိုင်ရာများကို ဟောပြောပို့ချပေးခဲ့ကြသည်။
ထို့နောက် AML/ CFTဆိုင်ရာ သိကောင်းစရာများနှင့် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပနိုင်ရေးအတွက် ထောက်ပံ့ပေးခဲ့ကြသည့် အလှူရှင်များအား မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်ပေးများ ပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသိန်းလွင်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ဟောပြောပွဲကိုရပ်နားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ ဆက်)