ကွမ်းခြံကုန်း ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၄ ရက်နေ့က ကွမ်းခြံကုန်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင် (၉)ဦး၏ အတ္ထုပ္ပတ္တိများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ ကခင်းကျင်းပြသထားသော သုတရသ စာအုပ်များနှင့် အာဇာနည်(၉)ဦး၏ အတ္တုပ္ပတိများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ (၁၉) ဇူလိုင်မမေ့နိုင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ရှာပါးမှတ်တမ်းဓါတ်ပုံနံရံကပ်စာစောင်များအား ခင်းကျင်းကပြသရာ စိတ်ဝင်စားစွာ
လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)