ကော့မှူး ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄မိုးစပါးမျိုးစေ့ချကိရိယာ (Seeder)စနစ်ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းကကွင်းအမှတ် (၂၉၁) /ဦးပိုင်အမှတ် ၂၃တောင်သူဦးချစ်ဦး၏လယ်ယာ မြေ၌ကျင်းပခဲ့ကြောင်း သိရသည်။
စပါးမျိုးစေ့ချကိရိယာကို အသုံးပြုခြင်းဖြင့် စပါးမျိုးစေ့ အကုန်သက်သာ ခြင်းအလုပ်သမား စရိတ် သက်သာခြင်း၊ အပင်များအတန်းလိုက်ဖြစ်၍ လေ၀င်လေထွက်ကောင်းပြီး ပေါင်းမြက်ရှင်းရန် လွယ်ကူခြင်း၊ အောင်မြင် ဖြစ်ထွန်းသော စပါးပင်များရရှိခြင်း တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် ဆင်းသုခ မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးသည့်စနစ်သည် လုပ်သားလိုအပ်ချက် အနည်းဆုံး အစားထိုး စိုက်ပျိုး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းကိုသိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များက တောင်သူ ဦးချစ်ဦးအား ဓာတ်မြေဩဇာများထောက်ပံ့ပေးခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ပြန်/ ဆက်)