ဗန်းမော် ဇူလိုင် ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမြညီလာခန်းမ၌ အ-ထ-က(၂)ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကို ဇူလိုင် ၁၄ ရက် နံနက် ၉နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုအခမ်းအနားကို ကျောင်းကောင်စီသီချင်းဖြင့် ကျောင်းသား၊ကျောင်းသူများက သံပြိုင် သီဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ခိုင်စန္ဒာက အမှာစကားပြောကြားခြင်း၊ ကျောင်းကောင်စီ အမှုဆောင်အဖွဲ့အမည်စာရင်းဖတ်ကြားခြင်း၊ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ကတိသစ္စာ ခံယူခြင်းနှင့် ကျောင်းတစ်ကျောင်းလုံး ကတိသစ္စာခံယူခြင်း၊ တာဝန်အထိမ်းအမှတ်အလံများကို ကျောင်းအုပ်ဆရာမကြီးက ပေးအပ်ရာ ကျောင်းကောင်စီအသင်း (၅)သင်းဖြစ်သည့် အနော်ရထာအသင်း၊ ကျန်စစ်သားအသင်း၊ ဘုရင့်နောင်အသင်း၊ အလောင်းဘုရားအသင်း၊ ဗန္ဓုလအသင်း ခေါင်းဆောင်တို့က လက်ခံခဲ့ကြပြီး ကျောင်းသားကျောင်းသူများက နိုင်ငံတော်သီချင်းကို စုပေါင်း သံပြိုင်သီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)