ရွာငံ ဇူလိုင် ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်ကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျတ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် (၂) နာရီက အ.ထ.က (ရွာငံ) ပြဒါးလင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဦးက မော်တော် ဆိုင်ကယ်စီးသူများ လိုက်နာရန်စည်းကမ်းချက်များ၊ မော်တော်ယာဉ်ဥပဒေများ၊ ယာဉ်မတော်တဆဖြစ်ပွားမှု အခြေအနေများ၊ ပြစ်မှုဆိုင်ရာဥပဒေနှင့်ပြစ်ဒဏ်များ စသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးချင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲအုပ်ရှိုင်းထွဋ်နောင်က မူးယစ်ဆေးဝါးဆိုင်ရာဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များ စသည့်အသိပညာပေးချင်းကိုလည်းကောင်း ပရိုဂျတ်တာဖြင့် ရှင်းလင်းဟောပြောခဲ့ကြရာ ကျောင်းအုပ်ဆရာကြီးဦးမြင့်မိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)