ကျောက်ဆည်မြို့တွင် အသက်(၈၅)နှစ်အထက် အသက်ကြီးအဘိုး၊ အဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

​ကျောက်ဆည် ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက်  အသက်ကြီးအဘိုး၊ အဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့ မွန်လွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ရာတွင် အသက်ကြီးအဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက အဘိုး၊ အဘွား (၁၁၁၈)ဦးအတွက် တစ်ဦးလျင်ထောက်ပံ့ငွေကျပ် (၃၀၀၀၀)ကျပ်နှုန်းဖြင့် (၃၃၅၄၀၀၀၀) ကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတိုက်ကြီးအောင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် အဘိုး၊ အဘွားများထံသို့ ထောက်ပံ့ငွေများ လက်ဝယ်ရောက်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)