မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြုပြင်နည်း သင်တန်း(အခမဲ့)ဖွင့်လှစ်

မန္တလေး ‌ဇူလိုင် ၁၅

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြုပြင်နည်းသင်တန်း(အခမဲ့)ကို ယနေ့နံနက်(၉)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက "မိမိတို့ အမျိုးသမီးများအနေဖြင့် အိမ်တွင်းမှု ဝင်ငွေတိုးလုပ်ငန်း တစ်ရပ်အနေဖြင့် သော်လည်းကောင်း၊ မိမိတို့၏သက်‌ဆိုင်ရာ ဌာန၊ရုံး၊ကျောင်း အခမ်းအနားများအပြင် မင်္ဂလာအခမ်းအနား အစရှိသည့်နေရာများ၌ ပြင်ဆင်ရာတွင် အခြားကိုမှာ ယူမည်ဆိုပါက ငွေကုန်ကြေးကျများပြီး မိမိကိုယ်တိုင်အလှဆင်ပါက အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာပြီး သွားရောက်သယ်ယူရ၊ ပို့ဆောင်ရစရိတ်များလည်း သက်သာမည် ဖြစ်ပါကြောင်း၊ အိမ်တွင်းမှု အနုပညာတစ်ရပ်အဖြစ် တတ်မြောက်ထားရန် လိုအပ်ပါကြောင်း၊ ယခုအခြေခံပန်းထိုးနည်းကို နည်းပြက  အရွက်အခြေခံဖြစ်သောအုန်းပွား၊ သပြေ၊ ကံ့ကော် အစရှိသည့် အရွက်များဖြင့် ခြံရံပြီးနှင်းဆီ၊ ဂန္ဓမာ အစရှိသည့်ပန်းတို့ဖြင့် ပန်းအလှပြင်ဆင်ကာ ကုန်ကျစရိတ်သက်သာသည့် အခြေခံစားပွဲတင်ပန်းအိုးထိုးနည်းကို စတင်သင်ကြားပြသပေးသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ ပန်းခြင်းပြုလုပ်နည်းနှင့် ပန်းစည်းနည်းအမျိုးမျိုးကို ဆက်လက်သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း" အစရှိသဖြင့် ရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလ (၂)ရက်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်