မိုင်းစံမြို့တွင် ကျောင်းသား၊ ကျောင်းသူများကို အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်များပြသခြင်းဆောင်ရွက်

မိုင်းစံ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီ ခွဲကမိုင်းစံမြို့ အ-ထ-ကကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်(၃) ဒေါ်ကေ‌ သွယ်စိုးက မြန်မာနိုင်ငံ၏ အထိမ်းအမှတ်နေ့များ၊ အာဇာနည်နေ့၊ အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းနှင့်  အာဇာနည်နေ့ဖြစ်ပေါ်လာပုံတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် အခြားအသိပညာပေး နံရံကပ်စာစောင်များ ၊စာအုပ်စာစောင်များပြသ ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)