ဗိုလ်တထောင် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန့်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပြီးအခမ်းအနားကို ပထမဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်မှ သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ (၁၂)ရပ်ကွက်မှ အဘိုးအဘွား(၁၄၈)ဦးအတွက် (၄၄၄၀၀၀၀/-)ကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်(၁၂)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ သက်ကြီးလူမှုရေးပင်စင်များထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ဝင်းကြည်(ပြန်/ဆက်)