ကျောက်တော်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

ကျောက်တော် ဇူလိုင် ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဌာနဆိုင်ရာဝန်ထမ်းများ  မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နေ့လည်ပိုင်းက ကျောက်တော်ရက်ကွက်၊ လူမှုဝန် ထမ်းရုံး (လျာထားမြေနေရာ) အနောက်ဘက်ကမ်းနား၌ ပြုလုပ်သည်။

အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းများ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေး၊ ပြည်သူများသစ်တောသစ်ပင်များကို ပိုမိုချစ်ခင်တန်ဖိုးထားတတ်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရေး ရည်ရွယ်ကာ မန်ဂျင်ရှား (၁၉၅)ပင်၊အုန်းပင်(၂၀)ပင်၊ ပျဉ်းကတိုး (၄)ပင်၊ ရေတမာ (၂၀)ပင်၊ မဟော်ဂနီ(၄)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၊ ကျောက်တော် မြို့နယ်တာဝန်ခံ ဗိုလ်မှူးချုပ်အောင်သူဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်အကြီးအကဲများနှင့် ဝန်ထမ်းများက သတ်မှတ်သည့်နေရာများတွင် တပြိုင်နက်တပျော်တပါး စုပေါင်းသစ်ပင် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ဖြူဖြူဝင်း