ဇေယျာသီရိ ဇူလိုင် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျည်တောင် ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာတွင် ကျပ်သိန်း ၃၀၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဇေယျာသီရိမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးဇော်၊ ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဦးနေမျိုးအောင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်း ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာတွင် ကျပ်သိန်း ၃၀၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ဦးစီးမှူး ဦးမျိုးဇော်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)