ကျောက်တလုံးကြီးမြို့ အ.လ.က ဂနိုင်ထော့ကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကျောက်တလုံးကြီး ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၁)နာရီက အခြေခံပညာအလယ်တန်းကျောင်း ဂနိုင်ထော့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးမှ မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းမှ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့်၊ စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာမှတ်သား ခဲ့ကြသည်။

ဆက်လက်၍  နံရံကပ်စာစောင်ပြပွဲအားကျင်းပရာ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သော အာဇာနည်နေ့သမိုင်းကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာခဲ့ကြသည်။ ထို့နောက် စာအုပ်စာစောင်ပြပွဲဆောင်ရွက်ရာ ကျောင်းသား/ ကျောင်းသူများက ကြိုက်နှစ်သက်သော  သုတ/ရသ စာအုပ်စာစောင်များအား  ဖတ်ရှုလေ့လာခဲ့ကြ ကြောင်း သိရသည်။

ကေသီ (ပြန်/ဆက် )